သွေးကျဲဆေး အခမဲ့အလှူ

𝐂𝐨𝐯𝐢𝐝-19 လူနာများအတွက် "သွေးကျဲဆေး" အခမဲ့အလှူ
🙏 𝐂𝐨𝐯𝐢𝐝 19 ရောဂါခံစားနေရသော ဝေဒနာရှင်များအတွက် ရောဂါပျောက်ကင်းဖို့ လိုအပ်သော "သွေးကျဲဆေး" များကို ထိရင်လန်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှ အခမဲ့ လှူဒါန်းသွားပါမည်။
👉 𝐂𝐨𝐯𝐢𝐝 -19 ကြောင့် အဓိကသေဆုံးရသည့်အကြောင်းအရင်းများကို လေ့လာသုံးသပ်ရာတွင် ခန္ဓာကိုယ်ထဲမှာ သွေးများခဲလာခြင်းနဲ့ ဆက်စပ်မှုရှိကြောင်းကို ဆရာဝန်များ၏ ပြောကြားချက်များအရ သိရှိရပါတယ်...
🙏 သွေးကျဲဆေးများက 𝐂𝐨𝐯𝐢𝐝-19 လူနာများ အသက်ရှင်ဖို့အတွက် အဓိကထိရောက်တဲ့ အခွင့်အရေးလည်းဖြစ်နိုင် ပါသည်။
💡 𝐂𝐨𝐯𝐢𝐝-19 ကြောင့် ခန္ဓာကိုယ်အတွင်းရှိသွေးတွေဟာ ပုံမှန်မဟုတ်သည့် အနေအထားဖြင့် သွေးခဲလေးတွေဖြစ်စေတတ်သောကြောင့် "သွေးကျဲဆေး"တွေက 𝐂𝐨𝐯𝐢𝐝 -19 ကုသရေးမှာ အထောက်အကူဖြစ်စေတယ်လို့ လေ့လာသူများက သုံးသပ်ထားပါသည်။
💢 𝐂𝐨𝐯𝐢𝐝-19 နဲ့ ဆက်စပ်ပြီး သွေးလွှတ်ကြောမှာ သွေးခဲပိတ်ဆို့မှုကြောင့် လေဖြတ်တာမျိုး / သေဆုံးမှုများကို မျက်မှောက်တွင် တွေ့ကြုံနေရပါသည်။
🙏 𝐂𝐨𝐯𝐢𝐝 -19 လူနာများအတွက် လိုအပ်နေသည့် "သွေးကျဲဆေး"များကို ထိရင်လန်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှ အခမဲ့ လှူဒါန်းသွားပါမည်။
💢 သွေးကျဲဆေးများသည် ကျန်မာရေးအရ လိုအပ်မှသာသုံးစွဲရမည်ဖြစ်သောကြောင့် မိတ်ဆွေများအနေဖြင့် လိုအပ်ကြောင်း 👨‍⚕️👩‍⚕️ ဆရာဝန်များ၏ ထောက်ခံချက်ကို ပြသပြီး ထိရင်လန်း တိုင်းရင်းဆေးဝါး 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐡𝐚𝐭 𝐁𝐨𝐱) တွင် လာရောက်အခမဲ့ရယူနိုင်ပါသည်။
🙏🙏 အရေအတွက်အကန့်အသတ်ဖြင့်သာ ရရှိနိုင်သောကြောင့် တကယ် ခက်ခဲလိုအပ်နေသူများကို ဦးစားပေး လှူဒါန်းသွားပါမည်။
👨‍⚕️👩‍⚕️ဆရာဝန်များ အနေဖြင့်လည်း 𝐂𝐨𝐯𝐢𝐝 လူနာများအတွက်"သွေးကျဲဆေး" များ လိုအပ်ပါက မေတ္တာဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ပေးကြပါဟု တောင်းဆိုလိုက်ပါတယ်...

Leave a Reply

Your email address will not be published. Required fields are marked *

Home
Shop
0 Cart