ထိရင်လန်း အကြောပြေဒဏ်ကြေလိမ်းဆေးကို ၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ရောင်းချရန်မဟုတ်ပဲ အလှူပွဲ၊ တရားပွဲနှင့် ပရဟိတလုပ်ငန်းများတွင် လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ များပြားလှသော အလှူများကို သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ပြီးနောက်မှာတော့ ဆက်လက် သုံးစွဲလိုသူများနှင့် ၀ယ်ယူလှူဒါန်းလိုသောသူများထံမှ အများအပြား တောင်းဆိုမှုများ ရရှိခဲ့ပြီး ထိရင်လန်း အကြောပြေဒဏ်ကြေလိမ်းဆေးကို ရောင်းချပေးရန် ၂၀၁၈ တွင် ဖြစ်တည်လာခြင်းပဲ ဖြစ်ပါတယ်။