ပို့ဆောင်ခြင်းနှင့်နှုန်းထားများ

ပို့ဆောင်ခြင်းနှင့်နှုန်းထားများ

 

ရန်ကုန်ဧရိယာ
၃၀၀၀ ကျပ် ၄၀၀၀ ကျပ်
ဗိုလ်တစ်ထောင်,
ပုဇွန်တောင်,
ကျောက်တံတား,
ပန်းပဲတန်း,
လမ်းမတော် ,
လသာ,
မင်္ဂလာတောင်ညွန့်,
သာကေတ
အလုံ,
ကြည့်မြင်တိုင်,
စမ်းချောင်း,
ဗဟန်း,
တာမွေ,
ကျောက်မြောင်း,
ရန်ကင်း,
သင်္ဃန်းကျွန်း,
ကမာရွတ်,
လှိုင်,
မရမ်းကုန်း,
အင်းစိန်,
တောင်ဥက္ကလာပ,
မြောက်ဥက္ကလာပ
မင်္ဂလာဒုံ,
အရှေ့ဒဂုံ,
တောင်ဒဂုံ,
မြောက်ဒဂုံ,
သန်လျှင်,
လှိုင်သာယာ,
ရွှေပြည်သာ,
လှည်းကူး,
မှော််ဘီ
ဒဂုံဆိပ်ကမ်း,
အခြားဒေသများ

နယ်ဝေးမှဖောက်သည်များထံသို့ ကျွန်ုပ်တို့ ရွေးချယ်ထားသော ပို့ဆောင်ရေးကုမ္ပဏီမှ တစ်ဆင့် ပို့ဆောင်ပေးပါမည်။ ကားဂိတ်များ / သက်ဆိုင်ရာ စာတိုက်များသို့ ပို့ဆောင်ခ (၁၅၀၀) ကျသင့်မည်ဖြစ်ပါသည် ။ တန်ဆာခကို မှာယူသူဘက်မှ ပေးချေရပါမည်။ ငွေတောင်းခံလွှာစာရွက်တွင် တန်တာခ ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ။ ပို့ဆောင်ခသည် အကွာအဝေးနှင့်အလေးချိန်ပေါ်တွင် မူတည်ပါသည်။ ငွေပေးချေပြီးမှသာ သင်၏ ထုတ်ကုန်များကို ကျွန်ုပ်တို့ ပို့ဆောင်ပေးပါမည်။
ငွေပေးဆောင်ထားသည့် ဘဏ်အချက်အလက်များအား ကျွနု်ပ်တို့ page messenger သို့ပေးပို့နိုင်ပါသည်။ပို့ဆောင်ရမည့် လိပ်စာ ၊ ဖုန်းနံပါတ် အစရှိသည်တို့အား မှန်ကန်စွာ ဖြည့်စွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဘဏ်မှတစ်ဆင့် ငွေလွှဲပေးပို့ရာတွင် အချက်အလက်များသေချာစွာစစ်ဆေး၍ ပေးပို့စေလိုပါသည်။ အမှားတစ်စုံတစ်ရာရှိခဲ့ပါက ကျွနု်ပ်တို့ ဘက်မှ တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ သတင်း အချက်အလက်မမှန်ကန်ပါက သင်၏ထုတ်ကုန်များကို ပို့ဆောင်ခြင်းမပြုနိုင်ပါ။

ကုန်အမှာစာများ ပို့ဆောင်ခြင်း

ရန်ကုန်မြို့နယ်အတွင်း မှာ ယူသည့်ကုန်ပစ္စည်းများအား တစ်ရက် မှ နှစ်ရက် (၄၈) နာရီအတွင်း အိမ်အရောက်ပို့ဆောင်ပါမည် ။ ရန်ကုန်မြို့ပြင်မှ ကုန်အမှာစာများအတွက် အချိန် (၂) ရက်ခန့်ကြာမြင့်နိုင်ပါသည် ။ အကယ်၍တစ်နေ့တာလက်ခံနိုင်သော အမှာစာအရေအတွက် ပြည့်သွားပါက သင့်ထံသို့ မည်သည့်နေ့တွင် ပေးပို့နိုင်မည်ဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားပါမည်။ ရန်ကုန်ဧရိယာအတွက် ကုန်အမှာစာများအားနံနက် (၉) နာရီမှ စတင်ကာ ပို့ပေးသွားမည်ဖြစ်ပါသည်။
သင့်ကိုအချိန်မီ ဝန်ဆောင်မှုပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာကြောင့်အချိန်မီ မပို့ဆောင် ပေးနိုင်ခြင်းများ ရှိနိုင်ပါသည်။ ထုတ်ပိုးမှုအတွက် ပါကင်နှင့် အိတ်များအားလည်းမေတ္တာလက်ဆောင်အခမဲ့အပြင် လုံခြုံစိတ်ချစွာ အကောင်းဆုံးထုတ်ပိုး၍ ပို့ဆောင်သွားပါမည်။

၀ယ်ယူထားပြီးသောပစ္စည်းများအားလဲလှယ်လိုခြင်း

ပြန်အမ်းငွေများအား အကြောင်းအရာပေါ်မူတည်၍ စီမံခန့်ခွဲမည်ဖြစ်ပါသည်။ လဲလှယ်မည့်ပစ္စည်းများအတွက်ပြန်အမ်းငွေများအား ထုတ်ယူလိုခြင်းတို့နှင့် ပတ်သက်ပြီး အကြောင်းအရာ၊ အခြေနေများပေါ်တွင် မူတည်ပြီးကျွန်ုပ်တို့ ဘက်မှ ဆုံးဖြတ်ပါမည်။ ကျွန်ုပ်တို့ဘက်မှ သဘောတူထားပြီး သော ပြန်အမ်းငွေများကို အလုပ်ဖွင့်ရက်များတွင်သာ လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ ပစ္စည်းလဲလှယ်လိုခြင်း၊ ပြန်အမ်းငွေ ထုတ်ယူလို ခြင်းတို့နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းအား အောက်တွင် အသေးစိတ် ဖတ်ရှုနိုင်သည်။ ထိခိုက်ပျက်စီးနေသောပစ္စည်းများ ၊ ကျွန်ုပ်တို့ဘက်မှ မှားယွင်းပို့ဆောင်မိသောပစ္စည်းများကို ကျေးဇူးပြုပြီး ကျွန်ုပ်တို့ပေးပို့သည့်အချိန်တွင် စစ်ဆေးကာ ပြန်ထည့်ပေးနိုင်ပါသည်။ သို့မဟုတ် ပစ္စည်းလက်ခံရရှိပြီး ၆နာရီအတွင်း ကျွန်ုပ်တို့ ဘက်သို့ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီးမှ အကြောင်းကြားသော ပစ္စည်းများအား လဲလှယ်ပေးမည် မဟုတ်ပါ။ ပစ္စည်းအစားထိုးလဲလှယ်ပေးခြင်း ၊ ငွေပြန်အမ်းခြင်းများအား ချက်ခြင်းလုပ်ဆောင်ပေးသွားပါမည်။ သို့သော် လဲလှယ်လိုသောပစ္စည်းအား ကျွနု်ပ်တို့ ဘက်မှ လက်ခံရရှိမှသာ ပြန်အမ်းငွေကိုထုတ်ပေးနိုင်မည်။

Home
Shop
0 Cart