𝐂𝐨𝐯𝐢𝐝-19 လူနာများအတွက် "သွေးကျဲဆေး" အခမဲ့အလှူ 𝐂𝐨𝐯𝐢𝐝 19 ရောဂါခံစားနေရသော ဝေဒနာရှင်များအတွက် ရောဂါပျောက်ကင်းဖို့ လိုအပ်သော "သွေးကျဲဆေး" များကို ထိရင်လန်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှ အခမဲ့ လှူဒါန်းသွားပါမည်။ 𝐂𝐨𝐯𝐢𝐝 -19 ကြောင့် အဓိကသေဆုံးရသည့်အကြောင်းအရင်းများကို လေ့လာသုံးသပ်ရာတွင် ခန္ဓာကိုယ်ထဲမှာ သွေးများခဲလာခြင်းနဲ့ ဆက်စပ်မှုရှိကြောင်းကို ဆရာဝန်များ၏ ပြောကြားချက်များအရ သိရှိရပါတယ်... သွေးကျဲဆေးများက 𝐂𝐨𝐯𝐢𝐝-19 လူနာများ အသက်ရှင်ဖို့အတွက် အဓိကထိရောက်တဲ့ အခွင့်အရေးလည်းဖြစ်နိုင် ပါသည်။ 𝐂𝐨𝐯𝐢𝐝-19 ကြောင့် ခန္ဓာကိုယ်အတွင်းရှိသွေးတွေဟာ ပုံမှန်မဟုတ်သည့် အနေအထားဖြင့် သွေးခဲလေးတွေဖြစ်စေတတ်သောကြောင့် "သွေးကျဲဆေး"တွေက 𝐂𝐨𝐯𝐢𝐝 -19 ကုသရေးမှာ အထောက်အကူဖြစ်စေတယ်လို့ လေ့လာသူများက သုံးသပ်ထားပါသည်။ 𝐂𝐨𝐯𝐢𝐝-19 နဲ့ ဆက်စပ်ပြီး သွေးလွှတ်ကြောမှာ သွေးခဲပိတ်ဆို့မှုကြောင့် လေဖြတ်တာမျိုး / သေဆုံးမှုများကို မျက်မှောက်တွင် တွေ့ကြုံနေရပါသည်။ 𝐂𝐨𝐯𝐢𝐝 -19 လူနာများအတွက် လိုအပ်နေသည့် "သွေးကျဲဆေး"များကို ထိရင်လန်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှ အခမဲ့ လှူဒါန်းသွားပါမည်။ သွေးကျဲဆေးများသည် ကျန်မာရေးအရ လိုအပ်မှသာသုံးစွဲရမည်ဖြစ်သောကြောင့် မိတ်ဆွေများအနေဖြင့် လိုအပ်ကြောင်း ဆရာဝန်များ၏ ထောက်ခံချက်ကို ပြသပြီး ထိရင်လန်း တိုင်းရင်းဆေးဝါး 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐂𝐡𝐚𝐭 𝐁𝐨𝐱) တွင် လာရောက်အခမဲ့ရယူနိုင်ပါသည်။ အရေအတွက်အကန့်အသတ်ဖြင့်သာ ရရှိနိုင်သောကြောင့် တကယ် ခက်ခဲလိုအပ်နေသူများကို ဦးစားပေး လှူဒါန်းသွားပါမည်။ ဆရာဝန်များ အနေဖြင့်လည်း 𝐂𝐨𝐯𝐢𝐝 လူနာများအတွက်"သွေးကျဲဆေး" များ လိုအပ်ပါက မေတ္တာဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ပေးကြပါဟု တောင်းဆိုလိုက်ပါတယ်... #ထိရင်လန်းတိုင်းရင်းဆေးဝါး #ဆေးဝါးထုတ်လုပ်ရေး #အကြောပြေဒဏ်ကြေလိမ်းဆေး #inhaler #enoxaprin #injection