ထိရင်လန်းအကြောင်း

ထိရင်လန်းအကြောင်း

ထိရင်လန်းတိုင်းရင်းဆေးများအကြောင်း

medicine
“ထိရင်လန်း” အကြောပြေရူလိမ်းဆေးကို ၂၀၁၅ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ရောင်းချရန်မဟုတ်ပဲ အလှူပွဲ၊ တရားပွဲနှင့် ပရဟိတလုပ်ငန်းများတွင် လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါတယ်။

များပြားလှသော အလှူများကို သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ပြီးနောက်မှာတော့ ဆက်လက် သုံးစွဲလိုသူများနှင့် ၀ယ်ယူလှူဒါန်းလိုသောသူများထံမှ အများအပြား တောင်းဆိုမှုများ ရရှိခဲ့ပြီး ထိရင်လန်း အကြောပြေရူလိမ်းဆေးကို ရောင်းချပေးရန် ၂၀၁၈ တွင် ဖြစ်တည်လာခြင်းပဲ ဖြစ်ပါတယ်။

“ထိရင်လန်း” အကြောပြေရူလိမ်းဆေးသည် (ပရုတ် ၊ လေးညှင်းဆီ ၊ တေဇောဆီ ၊ နံ့သာဆီ ၊ သိုင်းမို ၊ စပါးလင်ဆီ) များဖြင့် အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားသည့် အရည်ပုံစံ မြန်မာ့ တိုင်းရင်းဆေးစွမ်း ကောင်း တစ်လက်ဖြစ်ပါတယ်။

သယ်ယူသိမ်းဆည်းရ လွယ်ကူစေရန်လည်း ထုတ်ပိုးမှုပုံစံကို Roll On ပုံစံဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ထိရင်လန်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှ ထုတ်လုပ်သော “ချွဲစင်” အမှတ်တံဆိပ် ချောင်းဆိုးပျောက် ငုံဆေးပြား

“ချွဲစင်” အမှတ်တံဆိပ် ချောင်းဆိုးပျောက် ငုံဆေးပြားကို ၂၀၂၂ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါတယ်။

ချွဲစင် ချောင်းဆိုးပျောက် ငုံဆေးပြားကို ဆေးဖက်ဝင် သဘာဝပစ္စည်း ၁၁မျိုး ဖြစ်တဲ့ နွယ်ချို၊ မက်လင်ချဉ်၊ စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊ စမုန်ညို၊ စမုန်ဖွဲ၊ ကွမ်းစားဂမုန်း၊ ဇ၀က်သာ၊ သိန္ဓော၊ ကျောက်ချဉ်တို့ကို အချိုးကျ ရောစပ်ဖော်ထုတ်ထားပြီး ငုံ‌‌ဆေးပုံစံမျိုးဖြင့် ထုတ်လုပ်ထားသည့် မြန်မာ့တိုင်းရင်း ဆေးစွမ်းကောင်း တစ်လက်ဖြစ်ပါတယ်။

ယနေ့ခေတ်အခါမှာ ချောင်းဆိုး ချွဲသလိပ်ကပ်ခြင်းနှင့် ပန်းနာရင်ကျပ်ဖြစ်ခြင်း ဝေဒနာများကို မိဘပြည်သူ အတော်များများ ခံစား ကြရပါတယ်။

၎င်းခံစားရသည့် ဝေဒနာဆိုးများကို သက်သာပျောက်ကင်းစေရန် လက်တွေ့နှင့် စာတွေ့ပေါင်းစပ်ပီး အများနှင့် သင့်တော်မည့် ဆေးပုံစံဖြင့် ချွဲစင်ချောင်းဆိုးပျောက် ငုံဆေးပြားအား ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

သယ်ယူသိမ်းဆည်းရ လွယ်ကူစေရန်အတွက်လည်း ထုတ်ပိုးမှုပုံစံကို ပြန်လည်အသုံးပြုနိုင်သည့် ဗူးပုံစံမျိုးဖြင့် ထုတ်လုပ်ထားတဲ့အပြင် ငုံဆေးပြားဖြစ်တဲ့အတွက် အချိန် နေရာမရွေး အလွယ်တကူ သုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်။

“ချွဲစင်” အမှတ်တံဆိပ် ချောင်းဆိုးပျောက် ငုံဆေးပြားရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ချောင်းဆိုး ခြင်းနှင့် ချွဲကပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ‌ဝေဒနာကို သက်သာပျောက်ကင်း စေလိုခြင်းနှင့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများရဲ့ အသုံး၀င်မှုကိုလည်း မ ပ ပျောက်အောင် မြှင့်တင် ထိန်းသိမ်းလိုသော ရည်မှန်းချက်များဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့တိုင်းရင်းဆေးများကို ဖန်တီးထုတ်လုပ်‌ပေးခဲ့သော မြန်မာ့တိုင်းရင်းဆေးဆရာကြီးများ၏ လုပ်ဆောင်မှုများလည်း မပျောက်ကွယ် သွားအောင် တန်ဖိုးထား ထိန်းသိမ်းလိုသော ရည်ရွယ်ချက်လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ထိရင်လန်းတိုင်းရင်းဆေးမှထုတ်လုပ်သော “ထိရင်လန်း” အကြောပြေရူလိမ်းဆေး နှင့် “ချွဲစင်” အမှတ်တံဆိပ် ချောင်းဆိုးပျောက် ငုံဆေးပြား များကို ရန်ကုန်တိုင်းတွင်သာမက မြန်မာနိုင်ငံရှိ အမြို့မြို့ အနယ်နယ်သော ဆေးဆိုင်များတွင်လည်း ၀ယ်ယူလို့ ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ထိရင်လန်းတိုင်းရင်းဆေး Facebook Page , www.htiyinlan.com တို့နှင့် Hit Yin Lan Mobile App တို့မှ တစ်ဆင့်လည်း မှာယူနိုင်မှာဖြစ်ပါတယ်။

ပင်ရင်းကတော့ အမှတ် ၂၅/ခ ၊ ခိုင်ရွှေဝါလမ်း ၊ ပုလဲမြို့သစ် ၊ မင်္ဂလာဒုံမြို့နယ် ၊ ရန်ကုန်တိုင်း ဖြစ်ပါတယ်။

ရည်မှန်းချက်

ထိရင်လန်း တိုင်းရင်းဆေးရဲ့ အဓိက ရည်ရွယ်ချက်တော့ မြန်မာပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို တစ်ထောင့် တစ်နေရာမှ ပါ၀င်ကူညီ အားဖြည့်ပေးလိုတဲ့ ဆန္ဒနှင့် မြန်မာ့ တိုင်းရင်းဆေး စွမ်းကောင်းများကို မပပျောက်အောင် မြှင့်တင် စွမ်းဆောင်ပေးခြင်းနှင့် အတူ လူ့ ခနွာကိုယ်တွင်း ဖြစ်ပေါ်လာသော ရောဂါများကို ကာကွယ်ကုသပေးလိုသော ရည်မှန်းချက်များ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာ့တိုင်းရင်းဆေးများကို ဖန်တီးထုတ်လုပ်ပေးခဲ့သော မြန်မာ့ တိုင်းရင်းဆေးဆရာများရဲ့ လုပ်ဆောင်မှုများလည်း မပျောက်ကွယ်သွားအောင် တန်ဖိုးထား ထိမ်းသိမ်းလိုသော ရည်ရွယ်ချက်သည်လည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

Managing Director၏ အမှာစကား

Website ထဲကို လာရောက်ပေးတဲ့အတွက် မိမိ အပါအဝင် ထိရင်လန်း တိုင်း‌ရင်းဆေးဝါးမိသားစု ညီအစ်ကို မောင်နှမများ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒီနေရာမှ တစ်ဆင့် ထိရင်လန်း မြန်မာ့တိုင်းရင်းဆေးဝါးရဲ့ တန်ဖိုးထားမှုတွေနှင့် အတူတကွ လုပ်ကိုင်မှုတွေကို သိရှိစေနိုင်ဖို့ မျှော်လင့်ပါတယ်။

မိမိတို့ ထိရင်လန်း တိုင်းရင်းဆေး အပေါ် စိတ်ဝင်စားမှုရှိတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ထိရင်လန်း တိုင်းရင်းဆေးအနေနဲ့ မြန်မာပြည်သူများရဲ့ ကျန်းမာရေး လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူများရဲ့ ယုံကြည်မှုကိုလည်း နှစ်ပေါင်းများစွာ ရရှိဖို့ ပိုပြီး ကြိုးစားသွားပါမယ်။
လေးစားလျှက်

Mrs. Khin Nay Chi
Managing Director

Home
Shop
0 Cart